RoTruyen.Com

Into J

"Kim Winter က တာဝန်ယူချင်စိတ်မရှိဘူးနော် ကိုယ် တာဝန်ယူထားတဲ့ အလုပ်ကို ပြီးဆုံးအောင်လုပ်သင့်တယ် မဟုတ်ဘူးလား "

Harleen က အလုပ်ထွက်မယ့်အကြောင်း ပြောခဲ့တဲ့ Minjeongကို ကော်ဖီဆိုင်တွင် လူချင်းခေါ်တွေ့ပြီး ထပ်ခနဲ့ချင်းဖြစ်သည်

Shopping mallက toilet အိမ်သာမှာ NingNingမသိအောင် Minjeong mailပို့ပြီး ထွက်စာတင်ခဲ့တုန်းကလည်း Harleenက ဖုန်းဆက်ခနဲ့ခဲ့သေးတယ်လေ

ထွက်စာကို လူချင်းတွေ့ပြီးမှ လက်ခံမယ်ဆိုပြီး ကော်ဖီဆိုင်ကို ချိန်းလို့ Minjeongရောက်လာတော့လည်း Harleenက တိုက်ခိုက်ပြန်သည်

"တာဝန်ယူချင်စိတ်မရှိဘူး ပြောရအောင် ညီမ ဒီက Harleenဆီမှာ အလုပ်လုပ်ခဲ့တဲ့တစ်လျှောက်လုံး ပျက်ကွက်ခဲ့တာ မရှိဘူးနော် Harleen ပြောတဲ့နေရာတွေ သွားပေးပြီး လိုချင်တဲ့ပုံတွေလည်း ရအောင်ရိုက်ပေးခဲ့တာ မဟုတ်ဘူးလား  "

"အဟက်..... ကြည့်ရတာ Winterလည်း Karinaဆီမှာ နစ်မြောသွားတဲ့ပုံပေါ်ဘဲ မဖြစ်ဘူးနော် Winter သူက အရမ်းအန္တရာယ်များတယ် "

Harleenက Winterကို ပြောင်သလိုနောက်သလိုအသံနဲ့ မျက်စိမှိတ်ပြပြီး ပြောလိုက်ပြန်သည်

"Harleen shii ရှင်က ကိုယ့်စိတ်ထဲထင်ရာမြင်ရာတွေဘဲ ပြောတတ်တာလား ညီမ အလုပ်ရှင်မို့လို့ သည်းခံနေတာ နည်းနည်း ဘောင်ကျော်သလိုဖြစ်မနေဘူးလား "

Minjeongက ပြန်ပြောတော့ Harleenက ပါးစပ်ကို လက်နဲ့အုပ်ပြီး ရယ်လေသည်

"ဟုတ်ပါတယ်....ဘုရားကျောင်းမှာကတည်းက မင်း သူ့ကိုသဘောကျသွားတဲ့ပုံဘဲ ....Winter မင်းကို တို့ သူ့ကို ဒီအနုပညာလောကထဲထပ်မရောက်လာအောင် လုပ်ရမယ်လို့ မပြောခဲ့ဖူးလား "

"အဲ့တာကြောင့် ညီမ ဆက်မလုပ်နိုင်တော့ဘူးလို့ ပြောတာပါ ညီမကြောင့် လူတစ်ဖက်သား ဒုက္ခရောက်မှာကို မလိုချင်ဘူး "

"ဒါဆို သူ့ကြောင့် တစ်ဖက်လူတွေ ဒုက္ခရောက်ခဲ့တာတွေရော "

"အဲ့တာကတော့ ညီမနဲ့မဆိုင်ဘူး ညီမလည်းမသိသလို ညီမကိစ္စလည်း မဟုတ်ဘူး ညီမကြောင့် လူတစ်ဖက်သားကို ဒုက္ခမရောက်စေချင်ရုံပါ အခု ညီမ ထွက်မယ့်အကြောင်း လူချင်းတွေ့ပြီးတော့ပါ ပြောထားပြီးလို့ သွားတော့မယ်နော် ကော်ဖီဖိုး ရှင်းခဲ့လိုက်ပါမယ် "

Minjeong ပြောပြီး ကော်ဖီဆိုင်ကနေ ထွက်လာခဲ့သည်

အခု သူအလုပ်လက်မဲ့ဖြစ်သွားပေမယ့် စိတ်ပေါ့ပါးသွားသလို ခံစားနေရတယ်

NingNingနဲ့ မျက်နှာချင်းဆိုင်တဲ့အခါတိုင်းလည်း အားနာစရာ မလိုတော့ဘူး မဟုတ်လား

Minjeong busကားကို စောင့်နေစဥ် သူ့အကိုဆီက Message ဝင်လာသည်

From Oppa

Kim Minjeong! အိမ်ကနေထွက်သွားတာ ဘယ်နှလရှိနေပြီလည်း အဖေတို့ဖုန်းဆက်တာ မကိုင်ရင်တောင် အကိုဖုန်းဆက်တာတော့ ကိုင်လေ သတင်းကောင်းပြောမလို့ အဘိုးက မင်းကို လက်ထပ်ခိုင်းမယ့် ကိစ္စ cancelလိုက်ပြီတဲ့

Minjeong သူ့အကိုရဲ့ messageကို ဖတ်ပြီး အရမ်းပျော်သွားတယ်

တကယ်တော့ သူ့အမေကို လွမ်းနေတာလေ Karinaနောက်လိုက်တုန်းက သူ့အဖေနဲ့Karinaကို ကြည့်တိုင်း Minjeong သူ့အမေကို သတိရနေခဲ့တာ

သွားတွေ့ချင်ပေမယ့်လည်း Kim familyအိမ်ရှေ့ ခြေချလိုက်တာနဲ့ အဘိုးတို့က ဆွဲဖမ်းပြီး လက်ထပ်ပေးမှာ သိနေလို့ ပြန်မသွားဘဲနေခဲ့သည်

အကိုဖြစ်သူက ရည်းစားရှိလို့ ရည်းစားမရှိတဲ့ Minjeong ကို သူ့အဘိုးက သူ့သူငယ်ချင်းရဲ့မြေးနဲ့လက်ထပ်ပေးဖို့ စီစဥ်ခဲ့တုန်းက NingNingဆီကို Minjeong ထွက်ပြေးခဲ့သည်

လူချင်းလည်းမသိ မမြင်ဖူးဘဲ မချစ်မနှစ်သက်သူကို Minjeong လက်မထပ်ချင်ဘူးလေ

"Kim Winterက မလုပ်နိုင်ဘူးဆိုတော့လည်း ငါကိုယ်တိုင် Karinaကို ဖျက်စီးရတာပေါ့ "

Harleenမှာ ကော်ဖီဆိုင်ထဲက ထွက်သွားတဲ့ Minjeongကို ကြည့်ပြီး ကြိမ်းဝါးလိုက်သည်

Minjeongမှာ NingNing အိမ်ကိုပြန်လာတော့ NingNingက အပေါက်ဝကနေ Minjeongကို ဆီးကြိုနေသည်

"Minjeong...Minjeong.... လာ လာ ငါနင့်ကို စောင့်နေတာ သေတော့မယ်"

"ဘာလဲ ဘာဖြစ်လို့လဲ "

"Karinaလေ....သူက Lesbian တဲ့ အခု ကောင်မလေးတစ်ယောက်နဲ့နမ်းနေတဲ့ပုံတွေတက်လာတာ ကောင်မလေးရုပ်ကို stickerကပ်ထားလို့ ဘယ်သူလည်းတော့မသိဘူး "

NingNingရဲ့ စကားကြောင့် Minjeong သွေးတွေဒိန်းခနဲ ဆောင့်တိုးသွားသလိုခံစားလိုက်ရသည်

"ပြစမ်း ငါ့ကို "

NingNing ပြတဲ့ ပုံကို Minjeong သေချာကြည့်တော့ ကောင်မလေးကို စတစ်ကာကပ်ထားပေမယ့် Harleenမှန်း Minjeong သိလိုက်တယ်လေ

"တောက်! ယုတ်မာလိုက်တာ "

Minjeong တောက်ခေါက်သံကြောင့် NingNingမှာ ဘာပြန်ပြောရမှန်းမသိပေ

Company က ဖုန်းတွေ ခဏခဏခေါ်နေလို့ Aeri ဖုန်းစက်ပိတ်ထားရတယ်

ပြီးတော့ သတင်းမြင်ကတည်းက အခန်းထဲက ထွက်မလာတဲ့ Jimimကိုလည်း Aeri စိတ်ပူသည်

"Jimin ah...အဆင်ပြေရဲ့လား "

Aeri မေးပေမယ့် Jiminဆီက အဖြေပြန်မရ...

ဘာလို့ Jiminကိုဘဲဲ ပြဿနာရှာနေရတာလည်း...

ပုံထဲက မိန်းကလေးက Harleenမှန်းလည်း Aeri သိသည်

Jimin နာမည်မကြီးခင်က Harleenနဲ့တွဲခဲ့တယ်လေ Aeriအတွက် အနာကျင်ရဆုံးတစ်ချိန်ပေါ့....

သဘောထားချင်းမတိုက်ဆိုင်ခဲ့လို့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာကို Harleenက အခုကျမှ ဘာလို့ပုံတွေကောက်တင်နေရတာလည်း

Aeriတွေးရင်း ဒေါသထွက်မိသလို Harleenနဲ့တွဲတာကို မတားခဲ့တဲ့ သူ့ကိုယ်သူလည်း အပြစ်တင်နေမိသည်

"Jimin nah...ငါ  ရှိတယ်နော်...ဘာမှလျှောက်မလုပ်နဲ့ "

Aeri အပြင်ဘက်က လှမ်းပြောတာကို Jimin ကြားပေမယ့် ဘာမှပြန်မပြော.... Harleenက သူ့ကို ဒီလိုလုပ်ရက်လိမ့်မယ်လို့ Jimin ထင်မထားဘူးလေ

"Jimin ညစာလေးတော့ စားပါဟာ နင်တစ်နေကုန် ဘာမှလည်းမစားဘဲ အခန်းထဲ အောင်းနေတာ လဲကျသွားလိမ့်မယ် "

Jiminမှာ တစ်နေကုန်လုံး ဘာမှမစားဘဲ အခန်းထဲ ဆေးလိပ်သာထိုင်ဖွာနေသည်

ဆေးလိပ်ထိုင်ဖွာရင်း ပြတင်းပေါက်မှန်အပြင်က ကောင်းကင်ကြီးကိုသာ ကြည့်နေမိသည်

Message from Winter

Hey....အဆင်ပြေလား တစ်မျိုးမထင်ပါနဲ့ ဒီတိုင်း ....အာ ဟန်မြစ်အောက်မှာ တွေ့​ကြမလား....ညရောက်နေပြီဆိုတော့ ဘယ်သူမှမမြင်လောက်ဘူးလေ ထွက်လာလို့ရော အဆင်​ပြေပါ့မလား လာခေါ်ရမလား ရင်ဖွင့်ချင်လား

Jimin ဆေးလိပ်တွေ တအားသောက်ထားလို့ မြင်မိမြင်ရာတွေ လျှောက်မြင်နေတာလားဆိုပြီး ဖုန်းကိုနောက်တစ်ခေါက်ထပ်ကြည့်ရသေးသ​ည်

Winterက သူ့ကိုစာပို့ထားတာဘဲ  ဘုရားရေ တကယ်​ကြီးလား ....

#tbc

Bạn đang đọc truyện trên: RoTruyen.Com